မိုးညှင်းမြို့နယ် နန်းခမ်းရွာတွင် မြစိမ်းရောင်စီမံကိန်းစတုတ္တအကြိမ်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ပေါင်း၄၆၂ သိန်းထုတ်ချေး

မိုးညှင်း  နိုဝင်ဘာ  ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်နန်းခမ်း ကျေးရွာတွင် ယမန်နေ့ နံနက်၁၁နာရီအချိန်တွင် ကျေးရွာအတွင်း နေရာ (၇)နေရာခွဲ၍ မြစိမ်းရောင်စီမံကိန်း စတုတ္ထအကြိမ်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၄၆၂သိန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မှသိရသည်။

နန်းခမ်းကျေးရွာကို ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်မှစတင်၍ မြစိမ်းရောင်စီမံကိန်းလည်ပတ်ရန်ပုံ ငွေ စတင်ထုတ်ချေးခဲ့ခြင်းဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် စီမံကိန်း လည်ပတ်ရန်ပုံငွေ ထုတ်ချေးသူများအဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂၁ဦးအတွက် ငွေကျပ်သိန်း ၂၇၀၊မွေးမြူရေးလုပ်ငန်း ဆောင်ရွက်မည့်သူ ၄၂ဦးအတွက် ငွေကျပ် ၉၁သိန်းနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်မည့်သူ ၄၆ဦးကို ငွေကျပ်၁၀၁သိန်းတို့ကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေနိုင် ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးတင်အေး၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းတို့က သက်ဆိုင်ရာကဏ္ဍအလိုက်ထုတ်ချေးပေးခဲ့ကြသည်။ အဆိုပါမြစိမ်းရောင် စီမံကိန်းလည်ပတ် ရန်ပုံငွေ ထုတ်ချေးခြင်းကို ကိုဗစ်-၁၉ရောဂါကြိုတင်ကာ ကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျေးရွာအတွင်းနေရာတစ်ခုတွင် လူဦးရေ(၃၀)ဦးစီဖြင့် နေရာ (၇)နေရာ ခွဲ၍ ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။ မိုညှင်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင်စီမံကိန်းကျေးရွာ(၄၆)ရွာ တွင် ယူနစ်ပေါင်း၄၁ယူနစ်ဖြင့် ကျပ်သိန်းပေါင်း ၁၂၃၀၀ကို လည်ပတ်ရန်ပုံငွေ အဖြစ်ထုတ်ချေးပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် လက်ရှိဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၁၀)ရွာကို စီမံကိန်းကျေးရွာ အဖြစ်လျာထား သတ်မှတ် ထားကြောင်း ဦးမြသိန်းဝင်းကပြောကြားသည်။

ကျော်ကျော်ထွေး(မိုးညှင်း)