တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော

တံတားဦး ဇူလိုင်  ၁၂

တံတားဦးခရိုင် တံတားဦးမြို့နယ်၌ မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပွားရေးတို့အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် အခြေခံပညာဦးစီးဌာနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး သွေးလွန်တုပ်ကွေးတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေနံနက်(၁၀) နာရီက တံတားဦးမြို့ သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျွန်းရွှေဝါခန်းမတွင် ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးက မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရန် နညး်လမ်းများဖြစ်သော ဖုံး ၊ သွန် ၊ လဲ ၊ စစ် ပြုလုပ်ပေးခြင်း၊ မလှဲမသွန်နိုင်သောနေရာများကို အဘိတ်ဆေးများခတ်ခြင်း၊ ခြင်ခိုအောင်းပေါက်ပွားနိုင်သော ရေလှောင်ကန်ကန်များ၊ ရေစည်များ၊ ရေတွင်းကန်များထဲသို့ ပိုးလောက်လမ်းသေ အဘိတ်ဆေးများခပ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး ကျောင်းသား/သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။

အဆိုပါ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)