ဗိုလ်တထောင် ဇူလိုင် ၁၂
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် အမှတ်(၁၀)ရပ်ကွက်ရှိ အ.ထ.က(၆)အခြေခံပညာကျောင်းနှင့် အမှတ်(၉)ရပ်ကွက်ရှိ အ.ထ.က(၂)အခြေခံပညာကျောင်းများသို့ ယမန်နေ့မွန်းလွဲ ၁၂ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိသည်။
ထိုကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်မှဦးဆောင်၍ အတွင်းရေးမှူးရဲမှူးမောင်မျိုး၊ မြို့နယ်ပညာရေးမှူးဒေါ်မေအေးမြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးညီညီနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးမျိုးနိုင်ဝင်း၊ မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် ကျောင်းအတွင်းရှိ ရေတွင်းရေကန်များအား ကလိုရင်းဆေးခတ်ခြင်း၊ ကျောင်းအိမ်သာအနီးပတ်၀န်းကျင်များအား ကလိုရင်းဆေးဖြန်းခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး ပစ္စည်းများဖြစ်သော Hand wash ၊ Hand spray ၊ Aqua tabs ဆေးပြားများအား အ.ထ.က(၆)ကျောင်းအုပ်ဆရာမကြီးနှင့် အ.ထ.က(၂)ကျောင်းအုပ်ဆရာမကြီးတို့ထံ ထောက်ပံ့ခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးဟောပြောခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသည့် လက္ခဏာတွေ့ရှိပါက နေအိမ်၌ကုသခြင်းမပြုရန်နှင့် ကျန်းမာရေးဌာန၊ ဆေးရုံဆေးခန်းများနှင့်ဆက်သွယ်၍ အမြန်ဆုံးကုသမှုခံယူကြရန် တစ်ကိုယ်ရည်သန့်ရှင်းရေးအထူးဂရုပြုဆောင်ရွက်ကြရန်နှင့်သန့်ရှင်းလတ်ဆတ်မှုမရှိသည့် လမ်းဘေးအစားအသောက်များ ၀ယ်ယူစားသုံးခြင်း မပြုလုပ်ကြရန် အသိပေးမှာကြားခဲ့သတင်းရရှိပါသည်။
ခင်ဝင်း ( ပြန် / ဆက် )