မိုင်းခတ်မြို့၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းခတ် ဇူလိုင် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် နေ့ထူးနေ့မြတ်များကို တန်ဖိုးထားမမေ့အပ်စေရန် ရည်ရွယ်၍  အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များပြသခြင်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်နန်းနွယ်နီအောင်က ကျောင်းသား/  ကျောင်းသူများအား ပြင်ပဗဟုသုတများရရှိစေရန် စာအုပ်၊ စာစောင်များ ဖတ်ရှုလေ့လာကြရန်လိုကြောင်းနှင့် နေ့ထူးနေ့မြတ်များကို တန်ဖိုးထားမမေ့အပ်‌စေရန် (၇၇) နှစ်မြောက်အာဇာနည်နေ့ (အကြို) အထိမ်းအမှတ်အဖြစ် ကျောင်းသား/ ကျောင်းသူများအား "အာဇာနည်နေ့"  ဖြစ်ပေါ်လာပုံ  သမိုင်းကြောင်းအကျဉ်းချုပ်ကို အသိပညာပေး ရှင်းလင်းဟောပြောသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြန်မာနိုင်ငံလွတ်လပ်ရေးကို ရယူကြိုးပမ်းခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများ၊ အတ္ထုပ္ပတ္တိအကျဉ်းများပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်မျာနှင့် သုတ၊ ရသစာအုပ်စာစောင်များ ခင်းကျင်းပြသရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြပြီး မိမိကြိုက်နှစ်သက်ရာစာအုပ်များ ငှားရမ်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)