မိုင်းတုံမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပွဲ‌တော် ဒုတိယအကြိမ် ကျင်းပ

မိုင်းတုံ  ဇူလိုင်   ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ခလရ(၁၇၇)တပ်ရင်းဝန်းတွင် ၂၀၂၄ ခုနှစ် မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောတင်မြင့်ဦး‌ဆောင်၍ ဝန်ထမ်းများနှင့် သစ်ပင်စိုက်ပျိုးပွဲ‌တော်ကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မိုင်းတုံအခြေချစစ်​ဗျူဟာမှူး​ကြီးဗိုလ်မှူးကြီးထင်ကျော်၊ မြို့နယ်အုပ်ချုပ်‌‌ရေးမှူး ဦးလွင်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တပ်ရင်း/တပ်ဖွဲ့မှ စစ်သည်များ၊ ရဲမေများစု‌ပေါင်း၍ စိုက်ပျိုးမည့် ပျိုးပင်များပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူသည်။ ထို့နောက် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်သည့် ဗိုလ်မှူးကြီးထင်ကျော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး ပျိုးပင်များကို စုပေါင်းစိုက်ပျိုးကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော် ဒုတိယအကြိမ်သို့ တပ်ရင်းတပ်ဖွဲ့များမှ စစ်သည်များ၊ ရဲ‌မေများ၊ မိုင်းတုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ စုစုပေါင်း (၁၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သစ်ပင်များစိုက်ပျိုးခြင်းဖြင့် မြေဆီမြေဩဇာတိုးပွားစေပြီး အပူချိန်ထိန်းညှိပေးနိုင်ခြင်း၊ မြေကမ်းပါးပြိုခြင်းများ၊ ရေလွှမ်းမိုးခြင်းကို ထိန်းသိမ်းပေးနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြေခြင်း၊ ရာသီဥတုညီညွှတ်မျှတ‌စေခြင်း၊ သစ်‌တောသယံဇာတများ ရေရှည်တည်တံ့‌ခြင်း စသည့် အကျိုးကျေးဇူများရရှိနိုင်ရေး ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီသော ကျွန်း (၁၆၀)ပင်၊ ပိတောက် (၆၀)ပင်၊ သပြေဘူတ (၁၅)ပင်၊ စိန်ပန်းနီ(၁၅)ပင်နှင့် စိန်ပန်းပြာ (၁၅)ပင် စုစုပေါင်း(၂၆၅)ပင်အား စိုက်ပျိုးခဲ့ကြောင်း ​မိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနမှ သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)