ဗန်းမော် ဇူလိုင် ၁၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားသောကြောင့် ဘုန်းတော်ကြီးကျောင်းများနှင့် အိမ်များတွင် ကျန်ရှိနေသော နုန်းမြေများ၊ အမှိုက်များ၊ ရွံ့စေးများကို ဗန်းမော်ခရိုင်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက် ၈ နာရီခွဲတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီမြစ်ရေများ အဆုံးထိမကျဆင်းသေးသောကြောင့် အခြေခံပညာကျောင်းများတွင် နေထိုင်သော ရေဘေးသင့်ပြည်သူများအား ဗန်းမော်မြို့နယ်၊ ခွန်သာရပ်ကွက်ရှိ မင်းစည်ကျောင်းတိုက်၊ မြို့လေးထပ် ပရိယတ္တိစာသင်တိုက်နှင့် ရေရှင်ပရဟိတကျောင်းတိုက်တို့တွင် ပြောင်းရွေ့နေထိုင်ရန် ဧရာဝတီမြစ်ရေ နှင့်အတူ မျောပါ၍ ကျန်ရှိနေသော နုန်းမြေများ၊ အမှိုက်များ၊ ရွံ့စေးများကို ဗန်းမော် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ငြိမ်းအောင် ဦးဆောင်၍ သန္ဓေ ၂၅ ဦးဖြင့် လှည့်လည်သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
ဗန်းမော်မြို့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၌ (၁၁၃၆)စင်တီမီတာဖြစ်ပြီး ယခင်နေ့ရက်များထက် ရေများကျဆင်းလာသော်လည်း ဗန်းမော်မြို့၏ စိုးရိမ်ရေမှတ်မှာ(၁၁၅၀) စင်တီမီတာ ဖြစ်သောကြောင့် စိုးရိမ်းရေအမှတ်အောက်သို့ (၁၄)စင်တီမီတာ၊(၅)လက်မခွဲခန့်သာ ကျဆင်းသေးကြောင်း သိရှိရသည်။
ရှိုးသီဟ (ပြန်/ဆက်)