ကာလိမြို့တွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ ကွင်းဆင်း ငှားရမ်းပေးခြင်းဆောင်ရွက်

ကာလိ ဇူလိုင် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယမန်နေ့ညနေပိုင်းက အ.လ.က(ခွဲ)ကျိုင်းလွန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်သူအောင်က ကျောင်းသား/သူများ စာပေဖတ်ရှုခြင်းမှရရှိနိုင်သော အကျိုးကျေးဇူးများနှင့် စာဖတ်ရှိန်မြင့်တင်ရေး အကြောင်းအရာများအား ပြောကြားခဲ့သည်။ ထို့နောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်အားပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် ဖတ်ရှုမှတ်သားခဲ့ကြသည်။ ဆက်လက်၍ စာအုပ်စာစောင်များအား ငှားရမ်းပေးရာ ကျောင်းသား/ကျောင်းသူများက မိမိဖတ်ရှုလိုသော စာအုပ်၊ စာစောင်များအား ငှားရမ်းခဲ့ကြကြောင်း သိရသည်။

ကာလိ(ပြန်/ဆက်)