ဒက္ခိဏသီရိမြို့နယ်တွင် ကျွဲ၊ နွားများအား ခွာနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး

နေပြည်တော် ဇူလိုင် ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန်အတွက် ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်၍ တောင်သူများ၏ မွေးမြူထားသည့် ကျွဲ၊ နွားများအား ခွာနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ရပ်ကွက် ၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုအတွင်းရှိ မွေးမြူထားသည့် ကျွဲ၊ နွား ၅၂၅၀ ကောင်းအား ဇူလိုင် ၄ ရက်နေ့မှ ၁၃ ရက်နေ့အထိ ခွာနာလျှာနာ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဒက္ခိဏသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)