ကျိုင်းတုံမြို့၌ နယ်ထိန်း(အခြားအဆင့်) (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဆင်း

ကျိုင်းတုံ ဇူလိုင် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် နယ်ထိန်း(အခြားအဆင့်) (မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဆင်းပွဲကို ယနေ့နံနက် ၈ နာရီက ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး အေးသိန်းက ရဲတပ်ဖွဲ့ဝင် သင်တန်းသားများအား သင်တန်းကပို့ချသည့် နယ်ထိန်းသင်ခန်းစာများကို လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိစွာအသုံးပြုကြရန်၊ ပြည်သူလူထု၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ကြရန် အမှာစကားပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်းနှင့် သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ဆိုပါ သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ရဲတပ်ဖွဲ့ဝင် ၂၀ ဦး တက်ရောက်ပြီး နယ်ထိန်း(အခြားအဆင့်) (မွမ်းမံ)သင်တန်းကို ဇူလိုင် ၁ ရက်မှ ၁၂ ရက်အထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)