ရွှေပြည်သာမြို့နယ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရွှေပြည်သာ ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တေဇာရာမဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ ပူးပေါင်း၍ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက တေဇာရာမဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်း၌ ကျင်းပသည်။

ဟောပြောပွဲအခမ်းအနားတွင် တေဇာရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဂမ္ဘီရဗုဒ္ဓိမှ အဖွင့်မုဒိတာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားကာ စာရေးဆရာဝင်းနွယ်(ပုသိမ်)က အာဇာနည်နေ့နှင့်ပတ်သက်သည့် ကျောင်းသား/ သူလူငယ်များ သိသင့်သိထိုက်သော အ‌ကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော ဆရာ/ဆရာမများ ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ်များကို လှည့်လည်ကြည့်ရူကြကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)