ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်  ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံမြောက်        ဇူလိုင်     ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှော ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်‌သော အသိပညာပေးလက်ကမ်းစာ‌စောင်များ ဖြန့်ဝေခြင်း၊ အသိပညာ‌ပေးဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ဈေးများ၊ ရပ်ကွက်များ၊ အ‌ခြေခံပညာကျောင်းများစသည့် လူစည်ကားသည့်နေရာများတွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်း‌ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပစည်ပင်သာယာရေး‌မြို့နယ်အခြေခံပညာဦးစီးဌာန၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့နှင့်ပူး‌ပေါင်း၍ မြို့နယ်အတွင်းရှိ မူလတန်းကျောင်း(၂၄)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁)ကျောင်း၊ အလယ်တန်း‌ကျောင်း(၁)ကျောင်း၊ အထက်တန်း‌ကျောင်း(၅)ကျောင်းစုစုပေါင်း အခြေခံပညာကျောင်း (၃၁)ကျောင်းတို့၌ မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှော‌ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဗီနိုင်းများ လိုက်လံချိတ်ဆွဲပေးကာ ဆောင်ရန်၊ ရှောင်ရန်များကို အသိ ပညာပေးဆွေးနွေးပြောကြား‌မှုများ‌ကို  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

မြင့်မြင့်ရီ