ကျောက်ဆည် ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့” လူထုအသိပညာပေးဟောပြောပွဲကိုယနေ့နံနက်(၉)နာရီက ပတ္တာကျေးရွာအုပ်စု၊ မြင်စိုင်းကျေးရွာ ဆင်ဖြူချပ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်ဆည်မြို့နယ်ဦးစီးမှူး ဦးအောင်ထားရွှေက သန်းကောင်စာရင်းဆိုသည်မှာ လူဦးရေဆိုင်ရာအကြောင်းအရာ၊ စီးပွားရေး၊ လူမှုရေးအကြောင်းအရာများအား တစ်နိုင်ငံလုံး (သို့မဟုတ်)သတ်မှတ်နယ်မြေဒေသတစ်ခုတွင် လူတိုင်းကိုတစ်ကြိမ်တည်း၊ တစ်ပြိုင်တည်း ကောက်ယူသော လုပ်ငန်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် သန်းကောင်စာရင်းကောက်ယူခဲ့သော သမိုင်းကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး လက်ထောက်မြို့နယ်ဦးစီးမှူး ဦးကျော်ဉာဏ်ဟိန်းက သန်းကောင်စာရင်း ကောက်ယူခြင်းဖြင့် ပြည်သူများ၏ လိုအပ်သော စာသင်ကျောင်း၊ ဆေးရုံ/ဆေးခန်း၊ ရေပေးဝေရေးစနစ်၊ လျှပ်စစ်ဓာတ်အား၊ အလုပ်အကိုင်အခွင့်အလမ်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး၊ မသန်စွမ်းသူများ စောင့်ရှောက်ရေး၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးသူငယ်များစောင့်ရှောက်ရေး၊ လမ်း/တံတား/အိမ်ယာများ ဆောက်လုပ်ပေးခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေး ဟောပြောပွဲသို့ ပတ္တာ၊ ငါးဆူ၊ ထနောင်ပင်လှ ကျေးရွာများနှင့် မြင်စိုင်းကျေးရွာမှ ပြည်သူများ တက်ရောက်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းကောင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)