ပုဇွန်တောင် ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာ ပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများအား မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း(၄)ကျောင်းနှင့်အလယ်တန်းကျောင်း(၃)ကျောင်းတွင် ကျင်းပခဲ့ရာ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက် ပေးခဲ့ပြီး အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများကို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ပြီး ဆုရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်