ချမ်းမြသာစည် ဇူလိုင် ၁၁
ချမ်းမြသာစည်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်သည့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉နာရီ အချိန်မှစတင်၍ ထွန်တုံးရပ်ကွက်၊ ၅၂×၅၃ လမ်းကြား၊ ၁၁၁-Cလမ်းရှိ လခွဲ(၂၂)ကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်း၊ လ/ထမြို့နယ်မှူးဦးအောင်ဌေးနှင့် ဝန်ထမ်းများက ကျောင်းတွင်ပညာသင်ကြားနေသော အသက်(၁၀)နှစ်ပြည့်နှင့်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မပြုလုပ်ရသေးသူများအား ပန်းခင်းစီမံချက်(၃)အရ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ချမ်းမြေ့