ဆီဆိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

ဆီဆိုင် ဇူလိုင် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင်လ (၁၉) ရက်နေ့မှာ ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ကို ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်စေရန်ရည်ရွယ်၍ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲပြုလုပ်ရာတွင် အခြေခံပညာအထက်တန်းကျောင်း(ဆီဆိုင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝင်းဝင်းကြိုင်က အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများမှ အာဇာနည်ခေါင်းဆောင်ကိုးဦး၏ အတ္ထုပ္ပတ္တိသမိုင်းကြောင်းအရာများကို တစ်ဦးချင်းအလိုက် အသီးသီးဆွေးနွေး ဟောပြောခဲ့သည်။ ထို့နောက် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက “အာဇာနည်နေ့တို့မမေ့” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

သူရ(ဆီဆိုင်)