ညောင်ရွှေ ဇူလိုင် ၁၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးနေမျိုးသူရိန်နှင့်အဖွဲ့သည် ယမန်နေ့ နံနက် (၁၀) နာရီခွဲက မိုင်းသောက်ကျေးရွာ ရောင်ခြည်ဦး စာကြည့်တိုက်သို့သွားရောက်၍ စာကြည့်တိုက်ရေရှည်ရှင်သန်ခိုင်မာရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေမြို့နယ်ရုံးမှ ဦးစီးအရာရှိက ကွင်းဆင်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့် စာကြည့်တိုက်ရှင်သန်ခိုင်မာရေး ကိစ္စရပ်များ၊ ဌာနမှကူညီဆောင်ရွက်ပေးနိုင်မှုများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအုန်းဇော်နှင့်ရပ်မိရပ်ဖများက စာကြည့်တိုက်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ပရိဘောဂများ ဖြည့်ဆည်းရေး၊ စာကြည့်တိုက်ကော်မတီ ပြန်လည်ဖွဲ့စည်းရေးနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေမြို့နယ်ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က စာကြည့်တိုက်အတွက် ဌာနမှလှူဒါန်းသည့် သုတ၊ ရသ၊ စာအုပ်၊စာစောင်များကို ပေးအပ်လှူဒါန်းရာ တာဝန်ရှသူများက လက်ခံရယူခဲ့ကြသည်။
စိုင်းအယ်ဘဲ