သံဖြူဇရပ် ဇူလိုင် ၁၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုလူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ပြပွဲ/ပြိုင်ပွဲပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက (အ.မ.က)ထားဝယ်လမ်းကျောင်း၌ ပြုလုပ်သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းဌေးက အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီက (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်ကြောင်းနှင့် လူငယ်များ ဗဟုသုတကြွယ်ဝပြီး၊ မိမိ၏ဘဝဖွံဖြိုးတိုးတက်ရေးအတွက် ဗဟုသုတရရှိစေမည့် စာများကို ကျောင်းစာကြည့်တိုက်များတွင် ဖတ်ရှုကြစေရေး၊ ယနေ့ကျောင်းသား၊ ကျောင်းသူများ လူကုန်ကူးမှုမခံရစေရေးလူကုန်ကူးမှုဖြစ်စဥ် အကြောင်းအရာများကို အသိပညာပေးပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်မားရေးစာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ပေးပြီး၊ စာပေများဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာ၊ ရုပ်ပြ၊ ပုံပြင်စာအုပ်များအားပြသပေးခြင်း၊ အသိပညာပေးနံရံကပ်စာစောင်နှင့် မြို့နယ်လှုပ်ရှားမှုဓာတ်ပုံများကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)