မဟာအောင်မြေမြို့နယ်အတွင်း ရေကြီးရေလျှံမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် နှိုးဆော်ခြင်းများ ဆောင်ရွက်

မဟာအောင်မြေ ဇူလိုင်    ၁၁

မဟာအောင်မြေမြို့နယ်အတွင်း ရပ်ကွက်‌နေပြည်သူများ ရေကြီးရေလျှံမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မီးသတ်ဦးစီးဌာနဝန်ထမ်းများမှ ဇွန်လပိုင်းထဲမှစတင်၍ လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ဝါဆို၊ ဝါခေါင်လများတွင် ရေကြီးရေလျှံမှုများဖြစ်‌ပေါ်တတ်‌သောကြောင့် ရွှေ့ပြောင်းအန္တရာယ်များ၊ လူနေမှုဘဝများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေတတ်‌သောကြောင့် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးညွန့်ဝင်းအောင်၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ဇူလိုင်(၁၁)ရက်နေ့ နံနက်ပိုင်း တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ် (1260 cm) ထက်ကျော်လွန်ပြီး  (1308 cm) ရောက်ရှိနေသောကြောင့် မဟာအောင်မြေမြို့နယ် ဧရာဝတီမြစ်ဘေးတွင် နေထိုင်ကြသော အများပြည်သူများနှင့် လူနေအိမ်များအား သတိပြုနေထိုင်စေရန်နှင့် ရေကြီးရေလျှံဖြစ်ပေါ်လာပါက လွတ်ကင်းရာနေရာသို့ပြောင်းရွှေ့နေထိုင်စေရန်အတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထား‌ရန် မြို့နယ်မီးသတ်ဦးစီးဌာနရှိဝန်ထမ်းများမှ လိုက်လံ နှိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးပေါ်အန္တရာယ်များ ဖြစ်‌ပေါ်လာပါက မီးသတ်ဦးစီးဌာနသို့ အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်း သိရသည်။

အောင်ဇော်မင်း