ဝမ်းတွင်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေး ရှင်းလင်းပွဲအခမ်းအနား ကျင်းပ

ဝမ်းတွင်း  ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းအသိပညာပေး ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့က ဝမ်းတွင်းအမှတ်(၁)ရပ်ကွက်ရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီ ယာယီဥက္ကဌ ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟာမန်က သန်းခေါင်စာရင်းဆိုင်ရာ ရည်ရွယ်ချက်နှင့် သမိုင်းကြောင်း၊ ကောက်ယူမည့်နည်းလမ်း၊ ကောက်ယူမည့်အိမ်ထောင်စု မေးခွန်းပုံစံနှင့် အဖွဲ့အစည်းမေးခွန်းများကို အသိပညာပေးရှင်းလင်းခဲ့ပြီး မြို့နယ်သန်း‌ခေါင်စာရင်းကော်မတီ အတွင်းရေးမှူး မြို့နယ်လဝကဦးစီးမှူး ဦးစိုးမင်းက တက်ရောက်လာသည့်ပြည်သူများမှ သန်းခေါင်စာရင်းဆိုင်ရာ မေးမြန်းလာမှုများအား ပြန်လည်ဖြေကြားခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်း အဖွဲ့ဝင်များမှ ပြည်သူများ သိလိုသည်အချက်များကို ပြန်လည်ဆွေးနွေးခြင်းများ ပြုလုပ်ပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ သန်းခေါင်စာရင်းကော်မတီယာယီဥက္ကဋ္ဌ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟာမန်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးဝင်းဇော်မြင့်၊ သန်း‌ခေါင်စာရင်းကော်မတီ အတွင်းရေးမှူး မြို့နယ်လဝကဦးစီးမှူး ဦးစိုးမင်း၊ မြို့နယ်သန်းခေါင်စာရင်း ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကာ အခမ်းအနားအပြီးတွင် အသိပညာပေး လက်ကမ်းစာစောင် များဖြန့်ဝေပေးခဲ့ကြသည်။

ကိုရဲ (ဝမ်းတွင်း)