ဒဂုံတောင် ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေးဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်း၊ ရေလှောင်ကန်များတွင် ကလိုရင်းဆေးခတ်ပေးခြင်းများကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ ဈေးများ၊ ၀န်ထမ်းမိသားစုလိုင်းခန်းများ၊ အခြေခံပညာကျောင်းများ၊ လမ်းဘေးဈေးများ စသည့် ပြည်သူများ စုဝေးရာနေရာများတွင် အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထိုသို့အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ရာတွင် ယမန်နေ့နံနက် ၇ နာရီမှစတင်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ကြီးကြပ်ဦးဆောင်ကာ မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းကာ မြို့နယ်အတွင်းရှိ (၂၁) ရပ်ကွက် ဖူးကြီးလမ်း၊ ၆၄ ရပ်ကွက် ချင်းတွင်းလမ်းတို့ရှိ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနအိမ်ရာနှင့် ဝန်ထမ်းမိသားစုလိုင်းခန်းများ၌ မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးဗီနိုင်းများ ချိတ်ဆွဲပေးခြင်း၊ ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောက်များ ဖြန့်ဝေပေးခြင်း၊ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဟောပြောပေးခြင်းနှင့် သောက်သုံးရေလှောင်ကန်များတွင် ကလိုရင်းဆေးခတ်ပေးခြင်းများ ဆောင်ရွက်ပေးကြကြောင်း မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
သန်းသန်းအေး