မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲ အခမ်းအနားကျင်းပ

မင်္ဂလာတောင်ညွန့် ဇူလိုင် ၁၁

လူငယ်များအနေဖြင့် အာဇာနည်‌ခေါင်းဆောင်ကြီးများကို အတုယူ‌လေးစားအမှတ်ရစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် (၂၀၂၄) ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း မြတ်ဆရာခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြ ဆရာမ ဒေါ်မြင့်မြင့်ခိုင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံကြောင်း‌ ဟောပြောခဲ့ပြီး ကျောင်းသူ(၉)ဦးမှ အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏အ‌ကြောင်းကို တစ်လှည့်စီပြောကြားခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် အထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ကျောင်းသူ(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်း‌ကျောင်းများတွင်လည်း(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ နံရံကပ်ပိုစတာပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)