မရမ်းကုန်း ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၉)အခြေခံပညာမူလတန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်မော်က အာဇာနည်နေ့ ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်းအကျဉ်း၊ အာဇာနည်နေ့ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လွတ်လပ်ရေးရရှိအောင် အသက်ပေးခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများကို မမေ့သင့်၊ အထူးသတိရစေရန်၊ အာဇာနည်ကြီးများ အသက်ပေးခဲ့ရသည့် လွတ်လပ်ရေးကို အစဉ်ထာဝရတည်တံ့ခိုင်မြဲအောင် ကာကွယ်စောင့်ရှောက်ကြရန်၊ နှစ်စဉ်ကျရောက်သည့် ဇူလိုင်လ (၁၉) ရက်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြကြောင်းစသည်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပတ္ထိများအကြောင်း အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)