ဒဂုံမြို့နယ်တွင် ပြင်းထန်၀မ်းပျက် ၀မ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ

ဒဂုံ ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြည်အရှေ့ရပ်ကွက်၊ အိမ်တော်ရာဘုရား၊ ဘုန်းတော်ကြီး(၂၄)ကျောင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြင်းထန် ၀မ်းပျက် ၀မ်းလျှောရောဂါ မဖြစ်ပွားစေရန်ကြိုတင်ဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေပြည်ဦးဆောင်သောအဖွဲ့မှ ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ယင်နားစာအပါအ၀င်မသန့်ရှင်းသော အစားအစာများ စားသုံးခြင်းကို ရှောင်ကြဉ်ရန်၊ ရေကိုကြိုချက်၍သောက်သုံးရန်၊ လက်သန့်စင်ရေးနှင့် တကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ရန်၊ ယင်လုံအိမ်သာများသုံးစွဲရန်၊ အမှိုက်များ စနစ်တကျစွန့်ပစ်ရန်၊ ပြင်းထန် ၀မ်းပျက် ၀မ်းလျှောရောဂါ ခံစား‌တွေ့ရှိပါက နီးစပ်ရန်ကျန်းးမာ‌ရေးဌာနများနှင့် ဆေးရုံဆေးခန်းသို့ အချိန်မီပြသရန် စသည့်ကျန်းမာရေးကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ၀င်(၂)ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၀င်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဘုန်းကြီးကျောင်းများ၌ ပြင်းထန် ၀မ်းပျက် ၀မ်းလျှောရောဂါ ကာကွယ်ရေးအတွက် chlorine /bleaching powder ဆေးခပ်ခြင်းလုပ်ငန်းများပါ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

လဲ့လဲ့ (ပြန်/ဆက်)