စမ်းချောင်းမြို့နယ်၌ ဇီ၀ဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

စမ်းချောင်း ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ဇီ၀ဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနရုံးနှင့် မုန့်လက်ဆောင်းကုန်း(တောင်)ရပ်ကွက်၊ မြေနီကုန်း(တောင်)ရပ်ကွက်ဓမ္မာရုံတို့၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးခြင်းကို စမ်းချောင်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းသိန်းနှင့် ၀န်ထမ်းများက ဇီ၀ဆိုင်ရာအချက်အလက်များ စီစစ်ကောက်ယူ၍ Database သိမ်းဆည်း၍ မတူညီဂဏန်း (၁၀) လုံးပါ၀င်သည့် Unique ID နံပတ်ကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးလျက်ရှိသည်။

အဆိုပါ Unique ID ကတ်ပြားလာရောက်ဆောင်ရွက်သူပြည်သူများအား သန်းခေါင်းစာရင်းအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားပြီး အသိပညာပေးလက်ကမ်းစာစောင်နှင့် အင်္ကျီများ ဦးထုတ်များဝေငှပေးခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)