ကွန်ဟိန်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကွန်ဟိန်း ဇူလိုင် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယနေ့ နံနက် ၈ နာရီခွဲခန့်က မိတ္ထီလာ-တောင်ကြီး- ကွန်ဟိန်း-ကျိုင်းတုံ ပြည်ထောင်စုလမ်းမပေါ်ရှိ ကွန်ဟိန်းလမ်းတံတားဂိတ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဦး၊ လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြ) ဦးနိုင်ဝင်းမင်း၊ လမ်းအထူးအဖွဲ့(၄)မှ အငယ်တန်းအင်ဂျင်နီယာ(၂) ဦးခင်ဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူး သိန်းဇော်၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးအောင်သက်ဦး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ယာဥ်/စည်း တပ်ကြပ် ပြည့်ဖြိုးသူနှင့် တာဝန်ရှိသူများက ကွန်ဟိန်းတံတားဂိတ်ပေါ်တွင် ဖြတ်သန်းသွားလာသော ပြည်သူများနှင့် မော်တော်ယာဥ်မောင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)