ရွှေပြည်သာမြို့နယ်တွင် ပူးပေါင်းအဖွဲ့များဖြင့် ပြင်းထန် ဝမ်းပျက် ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်‌ရေးအသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆက်လက်ကွင်းဆင်းဆောင်ရွက်

ရွှေပြည်သာ ဇူလိုင် ၁၁

ပြင်းထန် ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြင်းထန် ဝမ်းပျက် ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များရှိ ဈေးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများအား ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ‌လူစည်ကားသည့် ဈေးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်‌ကျောင်းများ၊ အ‌ခြေခံပညာကျောင်းများတွင် ပြင်းထန် ဝမ်းပျက်လျှောရောဂါအကြောင်း အသိပညာပေးကာ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကလိုရင်းဆေးခပ်ခြင်း၊ ထုံးဖြူးခြင်း၊Hand Speaker ဖြင့် အသိပညာ‌ပေး‌ဆောင်ရွက်ခြင်း၊ လက်ကမ်းစာ‌စောင်များ ဖြန့်‌ဝေအသိပညာ‌ပေးခြင်း၊ အသိပညာ‌ပေးဗီနိုင်းများ တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ကြကြောင်း သိရသည်။ 

အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်‌ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်မှူးနှင့် တပ်ဖွဲ့ဝင်မြို့နယ်စည်ပင်သာယာ‌အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးအသင်းဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်‌ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)