ဝမ်းတွင်း ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟာမန်က အမှာစကားပြောကြားခဲ့ပြီး ဝါစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပံ့ပိုးငွေ ကျပ်(၁၂၉၄)သိန်းအား မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌထံ ပေးအပ်ခဲ့သည်။ ထို့နောက် သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌတို့မှ (၈.၇.၂၀၂၄) ရက်နေ့တွင် အင်းကန်းကြီးကျေးရွာ၊ ဘုရားဖြူကျေးရွာ၊ ရွာရှည်ကျေးရွာ၊ ပြည့်စုံကုန်းကျေးရွာ၊ အောင်သာကျေးရွာ၊ ဂုဏ်ရွာကျေးရွာ၊ နတ်ကန်ကျေးရွာတို့ရှိ သမဝါယမအသင်းသားများသို့ ငွေကျပ် (၁၂၉၄)သိန်းနှင့် ညီမျှသော သွင်းအားစုများအား ပေးအပ်ခဲ့ကြသည်။
အဆိုပါ နိုင်ငံစီးပွားမြှင့်တင်ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟာမန်၊ သမဝါယမဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
မြို့နယ်ပြန်/ဆက်