တံတားဦးမြို့နယ်တွင် ကျေးရွာအချို့၌ ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌဝတီမြစ်ရေဝင်ရောက်မှုကြောင့် တောင်သူများစိုက်ပျိုးထားသည့်သီးနှံများ ပျက်စီး

တံတားဦး  ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌဝတီမြစ်ရေတို့ ဝင်ရောက်မှုကြောင့် တောင်သူများစိုက်မျိုးထားသည့်သီးနှံ ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်သို့ ဧရာဝတီမြစ်ရေသည် ယနေ့နံနက်(၁၁)နာရီအချိန်ထိ (၁၃၀၈)စင်တီတာ၊ အလားတူ ဒုဋ္ဌဝတီမြစ်ရေသည်(၉၂၃)စင်တီမီတာသို့ ရောက်ရှိနေပြီး ဦးပိုင်ပေါင်း(၃၄၁) ခု၊ တောင်သူပေါင်း(၂၄၇)ဦး၏ နှမ်း(၄၇၁)ဧကနှင့် ကျွဲ၊ နွားစာ(၅၆၉)ဧကတို့ ပျက်စီးသွားကြောင်း သိရသည်။ အဆိုပါမြစ်ရေဝင်ရောက်မှုကြောင့် တပယ်ကျေးရွာတွင်တောင်သူပေါင်း(၁၅)၏ ကျွဲ၊ နွားစာ(၃၇)ဧက၊ ထောက်ရစ်ကျေးရွာတွင် တောင်သူပေါင်း (၂၁)ဦး၏ နှမ်း(၃၅)ဧက၊ ကျွဲ၊ နွားစာ(၅၂)ဧက၊ လက်ပန်ဇင်ကျေးရွာတွင် တောင်သူပေါင်း(၁၈)ဦး၏ နှမ်း(၃၀)ဧက၊ ကျွဲ၊ နွားစာ(၄၁)ဧက၊ ပေါက်မြိုင်ကျေးရွာတွင် တောင်သူပေါင်း(၆၅)ဦး၏ နှမ်း(၁၁၉)ဧက၊ ကျွဲ၊ နွားစာ(၁၄၂)ဧက၊ မြေငူကျေးရွာတွင် တောင်သူပေါင်း(၉၃)ဦး၏ နှမ်း(၂၂၂)ဧက၊ ကျွဲ၊ နွားစာ(၂၃၈)ဧက၊ လက်ဆောင်ယူကျေးရွာမှ တောင်သူပေါင်း(၃၅)ဦး၏ နှမ်း(၆၅)ဧက၊ ကျွဲ၊ နွားစာ(၅၉)ဧကတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)