ကျိုင်းလပ် ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်လပ်မြို့၊ ပြန်ကြားရေးနှင့်ပြညါသူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူလေးများအား နွေရာသီကျောင်းပိတ်ရက်တွင် ပြည်သူ့စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်၊ စာဖတ်သည့်အလေ့ကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုထက်မြက်စေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၂) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)