ကျိုင်းတုံ ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပညာရေးဒီကရီကောလိပ်၌ ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။
ဟောပြောပွဲတွင် ကျိုင်းတုံခရိုင်ဥပဒေအရာရှိ ဦးပိုင်ငြိမ်းဝေနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်ခင်မြင့်တို့က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အဓိပ္ပယ်ဖွင့်ဆိုချက်များ၊ ဥပဒေများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပြုစုစောင့်ရှောက်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အသိပညာပေးဟောပြောဆွေးနွေးရာ ကျိုင်းတုံပညာရေးဒီကရီကောလိပ်တွင် တက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများနှင့် တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)