ချမ်းမြသာစည် ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများ၊ သံလျှက်မှော်တောင် အရန်မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် မြစ်ရေကြီးမှု သတိပေးနှိုးဆော်ြခင်းများကို ယမန်နေ့နံနက်ပိုင်းက ဧရာဝတီမြစ်အနီးရှိ ရပ်ကွက်များ၌ လှည့်လည်ဆောင်ရွက်ခဲ့ကြသည်။
ဧရာဝတီမြစ်ရေသည် ၁၀-၇-၂၀၂၄ ရက်နေ့တွင် စိုးရိမ်ရေအမှတ် ၁၂၆၀ အထက် မြင့်တက်နေ၍ ဧရာဝတီမြစ်ကမ်းအနီးရှိ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မှော်တောင် ရပ်ကွက်အတွင်း မြေနိမ့်ပိုင်းဖြစ်သော ဧရာထွန်း(ဆ)ရပ်၊ ဧရာထွန်း (စ)ရပ်၊ ရွှေတစ်ချောင်းအနီး မြေနိမ့်ပိုင်းဖြစ်သော ဒေါနခြံရပ်ကွက်များတွင် နေထိုင်ကြသော ပြည်သူများ သိရှိနိုင်ရန် မြစ်ရေကြီးမှု သတိပေးချက်များအား လိုက်လံသတိပေး နှိုးဆော်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ချမ်းမြေ့