ခိုလမ် ဇူလိုင် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံမူလတန်းလွန်ကျောင်း(ဝမ်ဖွီး)တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ကျင်းပခဲ့ပါသည်။
အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လှထွေးမှ ကျောင်းသား/သူများအနေဖြင့် စာပေလေ့လာသင်ကြားရုံတင်မက ဘက်စုံထူးချွန်ထက်မြတ်သော လူငယ်များဖြစ်စေရန်နှင့် ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်လိုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူ (၅၄)ဦးတို့မှ အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို အသီးသီးပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)