မိုးညှင်းမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲများကျင်းပ

မိုးညှင်း ဇူလိုင် ၁၀

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိမြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲများကို ဇူလိုင် (၁၀)ရက် နံနက်(၉)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း မြတ်သရဖူခန်းမ၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမူက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားပြီး စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာသည့် အလေ့အကျင့်ကောင်းများရရှိစေရန် စသည့်ရည်ရွည်ချက်များကို ပြောကြားသည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်းမှ အဖွဲ့ဝင်ဖြစ်သည့် စာရေးဆရာမတင်တင်ဆွေမာ (မိုးညှင်း) က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ဖို့ စာဖတ်ရှိန်မြင့်တင်ကြပါစို့ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များကို ကျောင်းသားကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၂၀၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း