လှည်းကူး ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ဝါးနက်ကုန်းကျေးရွာအုပ်စု(ကျောင်းစု) ကုန်ထုတ်လမ်းလမ်းဘေးဝဲ/ယာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ဝါးနက်ကုန်း-ကျောင်းစုကုန်ထုတ်လမ်း လမ်းဘေး ဝဲ/ယာတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဘသိန်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သန္တာစိုးနှင့်ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးကျော်နှင့် ဝန်ထမ်းများ၊ ဝါးနက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသနေပြည်သူများတို့က မန်ဂျန်ရှား(၁၅၈၀)ပင်၊ မဟော်ဂနီ(၅၀၀)ပင်၊ ပျဥ်းကတိုး(၅၀၀)ပင်၊ ပျဥ်းမ(၅၀၀)ပင် စုစုပေါင်း(၃၀၈၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)