ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၁၆
ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဆွမ်းကိစ္စအခက်အခဲများ မရှိစေရေး အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းကိုး ကျောင်းသို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို သွားရောက် ဆက်ကပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လှူဒါန်းဆက်ကပ်မှုများကို စန္ဒီဘယဆေးမှ ဦးဆောင်၍ တိုင်းရင်းဆေးမိသားစုများ၊ မေတ္တာပြည့် ဝသာသနာပြုအသင်း၊ နှစ်ဦးဓမ္မအလှူရှင်များနှင့် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီအသင်းတို့မှ စုပေါင်း လှူဒါန်းထားရှိသည့် လှူဖွယ်ပစ္စည်းကိုးမျိုးတို့ကို မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက အလှူရှင်များကိုယ်စား ဘုန်းတော်ကြီးကျောင်း ကိုးကျောင်းသို့ သွားရောက် ဆက်ကပ်လှူဒါန်းပေးခဲ့ ကြခြင်းဖြစ်ကြောင်း သိရသည်။
ဆက်ကပ်လှူဒါန်းရာတွင်လည်း ဘုန်းတော်ကြီးကျောင်းကိုးကျောင်းတို့တွင် သီတင်းသုံး နေထိုင်တော်မူကြသည့် သံဃာတော်အရှင်သူမြတ်များအား ဆွမ်းကိစ္စအခက်အခဲများမရှိစေ ရေး ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းလျှင် ဆွမ်းဆန်တော်တစ်အိတ်၊ ဆီဆယ် ပိဿာ၊ အာလူးဆယ်ပိဿာ၊ ကြက်သွန်နီ ဆယ်ပိဿာ၊ ပဲဆယ်ပိဿာ၊ ဆားဆယ်ပိဿာ၊ ခေါက်ဆွဲခြောက်ထုတ်သုံးဖာ၊ ကော်ဖီမစ်ထုပ်သုံးပါကင်နှင့် တိုင်းရင်းဆေးဝါး လှူဖွယ်ပစ္စည်း ကိုးမျိုးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ ခြင်းဖြစ်ပြီး နိုဝင်ဘာလ (၁၄) ရက်နှင့် (၁၅)ရက်နေ့တို့တွင် မြို့ပေါ်ရပ်ကွက်ရှိ ဘုန်းတော်ကြီး ကျောင်း ရှစ်ကျောင်းနှင့်နဲသမိန်ကျေးရွာ ဓမ္မရကိ္ခတတောင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းသို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)