လွိုင်လင် ဇူလိုင် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ အ-ထ-က (၁) ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။
ရှေးဦးစွာ အ-ထ-က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းရွှေရွှေလွင်၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်လှိုင်းဝေတို့က အသီးသီးအမှာစကားပြောကြားသည်။ ထို့နောက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုကျင်းပရာ လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးက လူငယ်အခွင့်အရေးဆိုင်ရာများကိုလည်းကောင်း၊ တိုင်းရင်းဆေးဦးစီးဌာနမှ ဦးစီးမှူးက တိုင်းရင်းဆေးပညာဆိုင်ရာများကိုလည်းကောင်း၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးမှူးက ကလေးအလုပ်သမားဆိုင်ရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက သတင်းတု သတင်းမှားများအကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောကြသည်။
ဟောပြောပွဲသို့ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ ကျောင်းဆရာ/မများနှင့် ကျောင်းသား/သူ (၁၅၀) ဦး တက်ရောက်ကြကြောင်း သိရှိရသည်။
လွိုင်လင်မိုး (ခရိုင်ပြန်/ဆက်)