ပျော်ဘွယ် ဇူလိုင် ၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံးတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအနေဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန်အတွက် စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက လုပ်ငန်းကျွမ်းကျင်မှုအပြင် စာဖတ်ရှိန်မြင့်မားလာစေရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများကိုယ်တိုင် မျိုးချစ်စိတ်ဓာတ်ရှင်သန်တက်ကြွစေရန်အတွက် ယခုလို စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ စာရေးဆရာတက္ကသိုလ်ဘုန်းနိုင် ရေးသားသည့် “သူ့ကျွန်မခံပြီ” စာအုပ်ပါ အကြောင်းအရာများကို ဖတ်ရှုကာ ဝန်ထမ်းအချင်းချင်း အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)