တံတားဦး ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သဘာဝဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ(၄) နာရီက လိုက်လံနှိုးဆော်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါလိုက်လံအသိပေးနှိုးဆော်ဆောင်ရွက်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးမှူး ဦးကျော်သူအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အိဖြူဖြူနှင့်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများအတွင်းရှိ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် သဘာဝဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်တို့ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန်၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ပြုလုပ်ဆောင်ရွက်ကြရန် စသည့်အပြုအမူများကို သိရှိနိုင်စေရန် အသိပညာပေးလုပ်ငန်းများ လိုက်လံနှိုးဆော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ရဲတင့်( ပြန်/ဆက်)