မြစ်ကြီးနား ဇူလိုင် ၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ရေဘေးအန္တရာယ် တွေ့ကြုံခံစားခဲ့ရမှု အခြေအနေများ၊ ပြည်နယ်အစိုးရက ဆောင်ရွက်နေသော ရေဘေးအန္တရာယ် တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုအခြေအနေများ၊ ဝန်ထမ်းများ၏နေထိုင်တာဝန် ထမ်းဆောင်မှုအခြေအနေများကို မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ပေးခဲ့ပြီး ဝန်ထမ်းများအတွက် ငါးသေတ္တာဘူး(၂၀၀)နှင့် ထောက်ပံ့ငွေ(၁,၈၆၀,၀၀ဝိ)ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့၊ မူလတန်းကြိုကျောင်းအမှတ်(၁)သို့ သွားရောက်၍ ကလေးများအတွက် သင်ထောက်ကူပစ္စည်းများ ထားရှိမှုအခြေအနေ၊ စာသင်ဆောင်များ၊ ကလေးများ၏ စားသောက်ခန်းများ၊ မီးဖိုဆောင်၊ ကစားကွင်းများကိုကြည့်ရှုကာ အသက်(၃)နှစ်မှ(၅)နှစ်အရွယ် မူကြို ကလေးငယ်များ၏ငယ်စဉ်ကပင် ဗလ(၅)တန်ဖွံ့ဖြိုးရေး၊ စည်းကမ်းလိုက်နာတတ်ရေး၊ ဘက်စုံကျန်းမာရေးတို့အတွက် စနစ်တကျ လေ့ကျင့်သင်ကြားရန်တို့ကို မှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။
ခရိုင်(ပြန်/ဆက်)