ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကျင်းပ

လင်းခေး ဇူလိုင် ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၏ ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက လင်းခေးမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လင်းခေးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းမြင့်က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားရမည့်လုပ်ငန်းစဥ်များနှင့် စပ်လျဥ်းသည်များအား ဆွေးနွေးမှာကြားပေးခဲ့သည်။

ဆက်လက်ပြီး စံ()ရပ်ညီ စာကြည့်တိုက်များအတွက် စာကြည့်တိုက်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ စံ()ရပ်ညီစာကြည့်တိုက်ကော်မတီဝင်များက ဆွေးနွေးတင်ပြခြင်းနှင့် စံ()ရပ်ညီကော်မတီဝင်များအား အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို ရုတ်သိမ်းလိုက်သည်။

ဆွေးနွေးပွဲသို့ မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများနှင့် ရပ်ကွက်နှင့် ကျေးရွာစာရေးဝန်ထမ်းများ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)