ဥတ္တရသီရိ ဇူလိုင် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် မီးသတ်ဦးစီးဌာနမှူးရုံး၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါရုံးဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသစ်ပင်စိုက်ပွဲတွင် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းမြင့်၊ နေပြည်တော်မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြတ်သီဟ၊ နေပြည်တော် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၄၀၀ ဦးခန့်စုပေါင်း၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ မိုးခေါင်ရေရှားမှုမဖြစ်ပေါ်စေရန်၊ သစ်တောသစ်ပင်များ ပြုန်းတီးမှုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ကျွန်း၊ မဟော်ဂနီ ၊ ပိတောက်၊ ခရေ စသည့် ပျိုးပင်ပေါင်း(၄၀၀)ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)