မိတ္ထီလာ ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် ၂ဝ၂၄ ခုနှစ် ထီလာမောင်ဖလား ဖိတ်ခေါ်အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီ အချိန် ကမိတ္ထီလာခရိုင် အားကစားကွင်းတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ဦးစွာကျင်းပရာကန်တောင် အသင်းနှင့်ရွှေလွန်းပျံအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပထမပိုင်းပွဲကစားချိန်အပြီးတွင် တစ်ဘက်တစ်ဂိုးစီဖြင့်ပြီးဆုံးခဲ့သည်။ ပထမပိုင်းပွဲ ကစားချိန်အပြီးတွင် မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား သင်တန်းသူများက တင်းပုတ်အားကစားနည်းဖြင့် သရုပ်ပြဖျော်ဖြေခဲ့ရာ ၎င်းတို့ဖျော်ဖြေရေး အဖွဲ့သားများအတွက် ဂုဏ်ပြဆုချီးမြှင့်ပွဲ ၁ဝ သိန်းကျပ်ကို တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်တာဝန်ရှိသူတို့က ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ဘောလုံးပြိုင်ပွဲ ဒုတိယပိုင်းကို ယှဉ်ပြိုင်ကစားကြရာပွဲက စားချိန်ပြည့်သည့်အထိ တစ်ဘက်တစ်ဂိုးစီဖြင့်သာ ပြီးဆုံးခဲ့သည်။ ထိုကြောင့်ပြိုင်ပွဲအဆုံးအဖြတ်အတွက် ပယ်နယ်တီကန်သွင်းဆုံးဖြတ်ရာ ကန်တောင် အသင်းအား ရွှေလွန်းပျံအသင်းက သုံးဂိုး-၅ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့သည်။ ထိုနောက် ပြိုင်ပွဲတွင် ပထမဆုကို ရွှေလွန်းပျံအသင်း၊ ဒုတိယဆုကို ကန်တောင်အသင်း နှင့် တတိယဆုကို ပျော်ကုန်းအသင်းတို့ကိုရရှိခဲ့ပြီးဆုအသီးသီးကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါဘောလုံးပြိုင်ပွဲကို မေလ ၂၇ ရက်နေ့မှ ဇူလိုင်လ ၆ ရက်နေ့အထိကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ချမ်းသာ