ချမ်းမြသာစည် ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက် ၊၆၆-၆၇လမ်း၊ ၁၀၇ (A)လမ်းနှင့် ၁၀၈ လမ်းရှိ အမှတ် (၁၃) အခြေခံပညာအထက်တန်း ကျောင်းဝန်း အတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီက စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့်အတူ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များ၊ စည်ပင်သာယာရေး ၀န်ထမ်းများ၊ မြို့နယ်မီးသတ်မှ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ပြည်သူများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရသည်။
ချမ်းမြေ့