မိုးနဲမြို့နယ်၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

မိုးနဲ   ဇူလိုင်   ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူး‌ ပေါင်းပါဝင်သော အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၆ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

ဦးစွာအခမ်းအနားကို နမောတသ သုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ အုဋ်ကျောင်းတိုက်ဆရာတော်ထံမှ ဩဝါဒခံယူခဲ့ကြပြီး မြို့ပေါ်ဘုန်းတော်ကြီးကျောင်းနှင့်စာသင်တိုက်တို့မှ ကျောင်းထိုင်ဆရာတော် ၁၆ ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအလှူရှင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် မြို့နယ်ဩဝါဒါစရိယဆရာတော် ၊မြို့နယ်သံဃနာယကဥက္ကဌဆရာတော်နှင့်ပင့်သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြောင်းသိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)