မိုင်းဆတ် ဇူလိုင် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ လွယ်ဆောင်ကျေးရွာအုပ်စု ၊လွယ်ဆောင်ကျေးရွာနှင့် ဘာထန်ကျေးရွာတို့တွင် ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို ယမန်နေ့နေ့လယ်ပိုင်းက စတင်၍ ခရိုင်/မြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ပူးပေါင်းပြီး ကွင်းဆင်း ဆောက်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ လွယ်ဆောင်ကျေးရွာအုပ်စု၊ဘာထန်ကျေးရွာရှိ အလင်းသစ်စာကြည့်တိုက်တွင် ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ပြည်သူများနှင့် တွေ့ဆုံပြီး ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် စာကြည့်တိုက်ကို ကလေးများ ငယ်စဉ်ကတည်းက လာရောက် အသုံးပြုတတ်စေရေးအတွက် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပပေးခဲ့ကြပြီး တာဝန်ရှိသူတို့က ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ လွယ်ဆောင်ကျေးရွာတွင် စာကြည့်တိုက် အဆောက်အအုံသစ်ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်၊ ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ်၊ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးလင်းထင်ကျော်၊ ကျေးရွာပြည်သူများနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)