ညောင်ဦး ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားမှူးသင်တန်းဖွင့်ပွဲတွင် ညောင်ဦးခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန့်သီတာချိုဇင်က ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် အခမ်းအနားမှူးကောင်းများ ပေါ်ထွက်လာအောင် သင်ကြားလေ့ကျင့်ပို့ချမည့် သင်တန်းဖြစ်ကြောင်း၊ အခမ်းအနားမှူး ဆိုသည်မှာ အင်္ဂလိပ်လို Master Of Ceremony (MC)လို့ခေါ်ကာ မှူးဆိုသည့်အဓိပ္ပာယ်ကို မြန်မာအဘိဓာန်မှာ နာမ်ဆိုလျှင် အကြီးအကဲ၊ ကြိယာဆိုလျှင် အကြီးအကဲပြုသည်၊ ဦးဆောင်သည်လို့ အဓိပ္ပာယ်ဖွင့်ဆိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က အခမ်းအနားမှူးသင်တန်းပူးပေါင်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ပြောကြားပြီးနောက် ညောင်ဦးခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန့်သီတာချိုဇင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်တို့က သင်တန်းထောက်ပံ့ပစ္စည်းများဝယ်ယူရန် အလှူငွေပေးအပ်သည်။
ထို့နောက် အခမ်းအနားမှူးသင်တန်းအား စာတွေ့ လက်တွေ့သင်ကြားသည်။ အခမ်းအနားမှူး သင်တန်းသို့ ညောင်ဦးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှသင်တန်းသူများ၊ ငါ့သရောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးမှဝန်ထမ်းများတက် ရောက်ခဲ့ကြောင်းသိရသည်။
ဒီပါလင်း