သုံးခွမြို့နယ် သိုက်တူးကန်ကျေးရွာအုပ်စု၊ သုံးခွ -သန်လျင်လမ်းဘေးတွင် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲပြုလုပ်

သုံးခွ ဇူလိုင် ၆

သုံးခွမြို့နယ်အတွင်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်စေရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် သိုက်တူးကန်ကျေးရွာအုပ်စု ၊ သုံးခွ -သန်လျင်ကားလမ်းဘေးတွင် မြို့နယ်လမ်းဦးစီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဌာနဆိုင်ရာများ စုပေါင်းသစ်ပင်စိုက်ပျိုးကြောင်းသိရသည်။

ဦးစွာ မြို့နယ်သစ်တောဦးစီးဌာန တာဝန်ခံတောအုပ် ဦးကျော်နိုင်စိုးမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဦးဌာနမှ ဝန်ထမ်းများထံ ပျိုးပင်များပေးအပ်ပြီး ဂျန်ရှားအပင်(၃၀၀)၊ မဟော်ဂနီ(၁၀)ပင်၊ ပျဥ်းမပင်(၁၀)ပင်၊ စုစုပေါင်း ပျိုးပင်(၃၂၀)တို့အား တပျော်တပါးစု ပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

ထိုသို့စိုက်ပျိုးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ နှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များက စုပေါင်း၍ စိုက်ပျိုးခဲ့ကြောင်းသိရသည်။

စည်သူလင်း(ပြန်/ဆက်)