မိုင်းတုံမြို့၌ အခြေခံစာကြည့်တိုက် မွမ်းမံသင်တန်းအမှတ်စဥ် (၁/၂၀၂၄) ဖွင့်လှစ်

မိုင်းတုံ ဇူလိုင် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံစာကြည့်တိုက်မွမ်းမံသင်တန်းအမှတ်စဥ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မိုင်းတုံမြို့နယ် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဒေါ်ဝင်းဝင်းခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပက်သတ်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထိုအခြေခံစာကြည့်တိုက်မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းကို မြိုနယ်စာကြည့်တိုက်ဖွံဖြိုးတိုးတက်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုးနှင့် အဖွဲ့များI သင်တန်းသူ/သားများ တက်ရောက်၍ သင်တန်းအား သင်တန်းသူ/သား (၁၉)ဦးကို သင်တန်းနည်းပြ (၂)ဦးဖြင့် ၅.၇.၂၀၂၄ မှ ၆.၇.၂၀၂၄ ထိ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ကြောင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်ထံမှ သိရှိရသည်။

မျိုးကျော်စိုး(ပြန်/ဆက်)