ညောင်ဦးမြို့နယ်တွင် ဆန်စပါးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်း

ညောင်ဦး ဇူလိုင် ၅

ညောင်ဦးမြို့နယ်အတွင်း ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ စပါးစိုက်တောင်သူများ ပါဝင်သည့် ဆန်စပါးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို ဇူလိုင် ၅ ရက် နံနက် ၁၀ နာရီက ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံး၌ ကျင်းပသည်။ အခမ်းအနားတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက ညောင်ဦးမြို့နယ် ဆန်စပါး လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းပေးရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက်တက်ရောက်လာကြသည့် ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ စပါးစိုက် တောင်သူများက အသင်းအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဆန်စပါးနှင့် ပတ်သက်ဆက်နွယ်သူများ တက်ရောက် ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)