ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါကုသပေးခြင်း အသိပညာပေး‌ ဟောပြောခြင်းများ ဆောင်ရွက်ပေး

ဒဂုံတောင် ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မင်္ဂလာစိန်ပန်းဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ  ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါကုသပေးခြင်း၊ အသိပညာပေး ဟောပြောခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) ကာကွယ်‌ရေးနှင့်လူထုသွားကျန်းမာ‌ရေးပညာဌာန တွဲဘက်ပါမောက္ခဒေါက်တာမောင်မောင်မြင့်၊ ကထိက ဒေါက်တာခင်အေးသန့်တို့ ဦးဆောင်သော ကုသရေးအဖွဲ့သည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသုဝေ ဦးဆောင်သော ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများလိုက်ပါကာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မင်္ဂလာစိန်ပန်း ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်း၌ ကျောင်းသား/ကျောင်းသူများအား သွားနှင့်ခံတွင်းရောဂါကုသပေးခြင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ သွားကျန်းမာရေးစစ်တမ်းကောက်ယူခြင်း သွားဘက်ဆိုင်ရာ ဆေးကုသမှုပေးခြင်း စသော ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးကြသည်။

အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများကို  ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန္ဒာလွင်လက်ထောက်ညွှန်ကြားရေးမှူး (သွားကျန်းမာ) ဒေါက်တာ ကွန်စတန်တို့မှ  ကွင်းဆင်းကြည့်ရှု ကူညီအားပေးကြကြောင်း သိရသည်။

သန်းသန်းအေး